ဒီ Review လေးမစခင်အရင်ဆုံးကြိုပြီးအသိပေးချင်တာလေးက ဒီ ROG Zephyrus ရဲ့တန်ဖိုးက $3000 ပါ။ အဲ့အတွက်အပြစ်ရှာဖို့တော်တော်လေးခက်သလို ကျွန်တော်တို့ရှာလို့ရသမျှအကောင်းအဆိုးအကုန် ရေးပေးထားပါတယ်။ဈေးကကောင်းတဲ့ Gaming Laptop ဖြစ်သလောက်အဆိုးထက်အကောင်းကတော့ပိုများနေမယ်ဆိုတာလေးကြိုတင်စကားခံထားပါရစေ။ROG Zephyrus S လေးကို တွေ့လိုက်တာနဲ့ သိသာမြင်သာ ရှိတဲ့ အချက်က Design ပိုင်းပါ။ ဒီ Zephyrus ဆိုတာကို က Thin & Powerful Gaming အတွက် ရည်ရွယ်ပီး ထုတ်ထားတာ ဆိုတော့ အများကြီးကို ကျစ်ကျစ်လစ်လစ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာကို အထင်းသား တွေ့မြင်နိုင်မှာပါ။ ASUS ROG Zephyrus S GX701 ကို ဘူးထဲထုတ်လိုက်တာနဲ့ လက်ထဲမှာ တကယ်တမ်း ခံစားရမှာ သူ့ ရဲ့ အနှစ်ကျတဲ့ အလေးချိန်ပါ။ 2.7Kg ဆိုတာ အပြင်ကို ကြာကြာလွယ်ပြီး လွယ်လွယ်ကူကူသယ်သွားဖို့တော့ သိပ် မကောင်းဘူးပေါ့။ သူရဲ့ စွဲဆောင်နိုင်စွမ်းက အတွင်းဘက် အရမ်းကို ကောင်းနေတဲ့ Specification တွေတင် မကဘူး .. တွေ့လိုက်တာနဲ့ ဒါမျိုးမှ Premium Gaming laptop ကွ လို့ ပြောနေစရာမလိုပဲ တန်းသိနိုင်တဲ့ သူရဲ့ ကိုယ်ထည် ဖွဲစည်းတည်ဆောက်ပုံ ကိုအဓိကချီးကြူးရမှာပါ။
ASUS ROG Zephyrus S GX701 လေးကို ဖွင့်လိုက်တာနဲ့ သိသာတဲ့ အချက်က Active Aerodynamic System အကို အလိုအလျောက် activate လုပ်ပေးထားတာပါ .. ကိုယ်ထည်လေးကို နည်းနည်းဟပေးလိုက်ပီး screen ကို နည်းနည်းလေး မြင့်တက်သွားစေတဲ့အတွက် အပူစွန့်ထုတ်ဖို့အတွက်နေရာလေး ရသွားတာလေးက တအားကို engineering ဆန်လွန်းတယ်။ Keyborad ရဲ့ အပေါ်ကနေရာက Air vent ပါ .. လေဝင်/လေထွက်ကောင်းအောင် လုပ်ထားတာ .. ကောင်းမှလည်း ဖြစ်မယ်လေ Gaming ဆိုတော့ ရှယ်ပူမယ့် Laptop ကြီးကို… တကယ်ပူလို့ရှိရင် Port တွေ ရှိတယ် ဘေးဘက်တွေပါ Heat separated ဖြစ်ပါတယ်နော်… ထောင့်လေးတွေ ဘောင်တွေ ကြေးနီ / မဂ္ဂနီဆီယမ် ကိုယ်ထည်ကို သုံးထားလို့ ဖြစ်ပါလိမ့်မယ်။


နောက်ပြီးတော့ Keyboard နေရာ .. အစောပိုင်းမှာ ဒီ touch pad ညာဘက်မှာ တွဲပီးပါတဲ့ Keyboard ကို သိပ်ကျင့်သား မရသေးပေ့မယ် အသားကျဖို့ တကယ်လွယ်တယ်.. နောက်တခြား laptop ပြန်သုံးရင်တော့ touchpad လေး လိုက်ရှာမိနေတော့မှာ .. mouse ကို ဘယ်ဘက်မှာပဲ ထားသုံးတတ်တဲ့ ဘယ်သန်တွေကိုတော့ Sorry ပါ။ ဒါဟာ ASUS အနေနဲ ဒီလို Touch Pad ကို ညာဘက်မှာ မထားခင်သေချာ စဥ◌်း စားသင့်ခဲ့တယ်လို သေချာပေါက်ပြောလို့ရပါတယ်။ လက်ဖဝါးတင်ဖို့ နေရာ မပါ ပါဘူး.. ဒါကြောင့် ဒီlaptop ကို သုံးမယ်ဆိုရင် စားပွဲတစ်ခုခုပေါ်တင်သုံးမှပဲ အဆင်ပြေမှာပါ။ Keyboard ကတော့ feedback က ရှယ်မိုက်တယ်။ ကျနော်အရင် review တွေမှာ ပြောခဲ့တဲ့ Keyboard မကောင်းရင် ဂိမ်းဆော့လို့ ကောင်းမှာ မဟုတ်ဘူး ဆိုသလိုပဲ ဒီကီးဘုတ်က ဆော့ကြည့်ရင် desktop keyboard လို့ ကြိုက်သလို လှည့်ဆော့လို့ မရတာကလွဲရင် ကျန်တာ အကုန်လုံးနီးပါး တူတူပဲလို့ ခံစားရပါတယ်..

F1 Key ရဲ့ အပေါ်ဘက်မှာ ထည့်ပေးထားတဲ့ vertical scroll wheel လေးက volume control အတွက်ပါ။ တချို့သူတွေအတွက် ကြည့်ရဆိုးတယ် ဘာရယ်နဲ့ ဒါပေမယ့် ကျနော်အတွက်တော့ အဲ့တာလေးလည်း မိုက်ပါတယ်။17 လက်မ မျက်နှာပြင်ကို ဘောင်အကျဉ်းနဲ့ အနားသတ်တွေအထိ မြင်တွေနေရတာ တကယ်ကို သဘောကျဖို့ကောင်းတယ်။ Nvidia G-Sync လည်းရတယ်၊ Refresh rate ကလည်း 144Hz ရှယ်ကြီး .. Pantone validated အရောင်လည်းမှန်တော့ ကြည့်နေရတာ ရုပ်ထွက်ကြီးက တကယ်မျောပါသွားမဲ့ Display လို့ပြောလို့ရပါတယ်။

Zephyrus S GX701 က တကယ့်ကို portable PC gaming monster ပါ။ ကျနော်ရဲ့ review unit က Intel 2.6GHz i7-9750H hexa-core CPU က up to 4.1GHz အထိ သွားနိုင်မယ် နောက်ပီး Nvidia GeForce RTX 2070 8GB GDDR6 GPU (တခြားထွေထွေးထူးထူး မဟုတ်ရင် Intel UHD Graphics 630 လေးလည်း သုံးလို့ရမယ်), RAM က 32GB of 2,666MHz DDR4 ရယ် ၊ Storage အတွက်ကို 1TB အထိ M.2 PCIe x4 SSD (RAID 0) နဲ့ Display အတွက်က17.3-inch Full HD (1,920×1,080) screen တို့ပဲဖြစ်တဲ့အတွက် Performance ကတော့ အလန်းဆုံး မဟုတ်ရင်တောင် တစ်ဆင့်ပဲ သေးသေးလေးနိမ့်တယ် ဆိုတာလောက်ပဲ ပြောစရာရှိပါတယ်။

ချိတ်ဆက်ဖို့အတွက် အပေါက်တွေ တော်တော်လေးစုံတယ်.. but wait Gigabit LAN Port မပါ ပါဘူးခင်ဗျာ.. LAN Port မပါတာ တအား ထူးဆန်းတဲ့ အရာတော့ မဟုတ်ပေ့မယ်ပေါ့ .. ကျနော်တို့ စီမှာကျ Wi-Fi တွေ ဘယ်လို ကောင်းကောင်း No Ping high / No Lag / latency ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့က LAN Port တွေ အားကိုးနေရတုန်းပဲမလား .. ဘူးထဲမှာ Type C ကနေ Gigabit LAN port ပြောင်းပေးတဲ့ ကောင်လေး ထည့်ပေးရင် တကယ့် အသုံးဝင်မှာပါ။ အဲ့ဒါကျ ပါမလာဘူး … အဲ့လိုကြီးကျ အဆင်မပြေပါဘူး … ပါတာက ဘာပါလည်းဆိုတော့ 1080p, 60fps နဲ့ ရိုက်ကူးနိုင်မယ့် external Full HD webcam .. ချိတ်ရတာလည်း သိပ်တော့ မကြိုက်ချင်ဘူး.. ဘေးဘောင် အပါးလေးတွေ အလှပျက်သလိုပဲ မျက်စိထဲမယ် သိပ်အဆင်မပြေလှဘူးဗျ… ဂိမ်းတွေကတော့ တအားဆော့ရတာ အဆင်ပြေတယ်…

ထည့်ပေးထားတဲ့ mouse ကလည်း ROG Galdius II Gaming Mouse ဖြစ်တဲ့အတွက် click လုပ်ရတဲ့ feedback လေးတွေ တော်တော်လေး ကောင်းတယ် .. လက်ရဲ့ အနေအထားတော်တော်များများ နဲ့ အဆင်ပြေပြေ ကိုင်ပီး ဆော့ကစားနိုင်မှာပါ.. ဂိမ်းမာတွေအတွက်တော့ ချစ်သူတစ်ယောက်ရဲ့ လက်ကို ကိုင်ထားရသလိုမျိုး ခံစားမိစေမှာပါ … ကြာကြာကိုင်ထားမိရင် မလွတ်ချင်တော့ဘူး .. :3 ဒီ Laptop လေးကို ဘယ်လိုလူတွေအတွက် recommend ပေးချင်ပါသလဲဆိုရင်တော့ Zephyrus S က Gamers တွေ အတွက်ထဲမှာမှ Pro ကျကျ ဆော့မယ့် Gamers တွေ နောက်ပီး Live Steam သုံးမယ့် steamer တွေ အတွက်ရောပေါ့ အဲ့လိုမျိုး သုံးမယ့်ဆိုရင်တော့ လုံးဝကို ရွေးချယ်သင့်တဲ့အထဲ ပါ ပါတယ်..

နိဂုံးချုပ် အားဖြင့် ပြောရရင်တော့ ရောင်းဈေး $3000 ရှိတဲ့ ROG Zephyrus S ဆိုတာတော့ ဈေးနှုန်းချိုသာမည့် အမျိုးအစားတော့ မဟုတ်ပါဘူး သင်က Performance တစ်မျိုးတည်းကိုပဲ ဦးစားပေးမယ်ဆိုရင်တော့ ဒေါ်လာ ၁၀၀၀ လောက် ပိုသက်သာမယ့် Scar III လိုမျိုး တခြားရွေးချယ်စရာတွေလည်းရှိမှာပါ.. ဒါပေမယ့် Premium ကျလွန်းတဲ့ Gaming laptop ဆိုရင်တော့ Zephyrus S ကိုပဲ ရွေးချယ်ပါလို့ ပြောပြရင်းနဲ့ နောက်တစ်ခေါက်ကျ ပြန်တွေ့ပါဦးမယ်ဗျ…