မြန်မာနိုင်ငံမှာတော့ Xiaomi ကလက်ရှိ လူသုံးအများဆုံး ဖုန်း Brand တစ်ခုဖြစ်သလို လူကြိုက်အများဆုံး ဖုန်းထဲမှာပါဝင်နေတယ်ဆို ငြင်းစရာမရှိပါဖူး။ Xiaomi အနေနဲ့ အခုအခါမှာတော့ ကမ္ဘာ ရောင်းအားအကောင်းဆုံး ဖုန်း ကုမ္ပဏီ စာရင်းမှာ နံပါတ် ၅ နေရာ ချိတ်နေပြီ ဖြစ်သလို နိုင်ငံတကာ ဈေးကွက်မှာလည်း နေရာတစ်နေရာ ကို အခိုင်အမာ ဆုတ်ကိုင်ထားနိုင်ပြီလို့ ပြောလို့ ရပါတယ်။ တစ်ကယ်တန်းမှာတော့ Xiaomi အနေနဲ့ လည်း ဒီလိုအောင်မြင်မှုကိုလွယ်လွယ်ကူကူ ရရှိလာတာမဟုတ်ပါဘူး။ အတိအကျ ပြောရရင် လွန်ခဲ့တဲ့ ၉နှစ်တာကလာ ၂၀၁၀ ခုနှစ်မှာ Xiaomi ကို စတင်တည်ထောင်ခဲ့တာပါ။ ဒီ ၉ နှစ်တာကာလ အတွင်းမှာ Xiaomi အနေနဲ့  Xiaomi ရဲ့ ပထမဆုံးဖုန်းမှာ ဘယ်လို ရောင်းချခဲ့ရလည်း ဒီဖုန်းမှာရော ဘယ်လို Feature တွေပါလည်းဆိုတာကို ဒီနေ့ မှာတော့ ဗဟုသုတအနေနဲ့ ပြန်လည်ပြောပြပေးသွားမှာ ဖြစ်သလို ဒီအထဲမှာ အမှားအယွင်းတစ်စုံတစ်ရာပါဝင်လာခဲ့ရင်လည်း နားလည်ခွင့်လွတ်ပေးဖို့ ကြိုပြီးတော့ တောင်းပန်ချင်ပါတယ်။

တစ်ကယ်တန်းမှာတော့ Xiaomi အနေနဲ့ ၂၀၁၀ ခုနှစ် မှာ ကုမ္ပဏီ ကိုစတင်တည်ထောင်ခဲ့စဉ်က တန်း ပြီး ဖုန်းကို စထုတ်လုပ်နိုင်ခဲ့တာတော့မဟုတ်ပါဖူး။ ကုမ္ပဏီ တည်ထောင်ပြီး တစ်နှစ်အကြာ ၂၀၁၁ ခုနှစ်ရောက်မှာ သူတို့ ရဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ Xiaomi Mi 1 ကို စတင်ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ထပ်ပြီး အတိအကျပြောရမယ်ဆိုလို့ ရှိရင် မနေ့ က August 16 ရက်နေ့ ဟာ Xiaomi အနေနဲ့  Mi 1 ကို ထုတ်လုပ်နိုင်ခဲ့တာ ၈ နှစ်ပြည့်တဲ့နေ့  အခုလိုမျိုး ဖုန်းလောကမှာ နေရာတစ်နေရာ အခိုင်အမာရပ်တည်နိုင်ဖို့ အစပျိုးခဲ့တဲ့ နေ့ လို့ လဲပြောလို့ ရပါတယ်။

ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ Mi 1ကိုတော့ ရိုးရိုး ရှင်းရှင်းနာမည်ပဲပေးခဲ့သလို ခုနကပြောခဲ့တဲ့ အတိုင်း August လ ၁၆ ရက်နေ့  ၂၀၁၁ မှာ မိတ်ဆက်ပေးနိုင်ခဲ့ပေမဲ့ Pre Order ကို August လ ၂၉ ရက် ၂၀၁၀ မှာကောက်ခံခဲ့သလို တစ်ကယ်တန်းလက်တွေ့ ရောင်းချနိုင်ခဲ့တာကတော့ အောက်တိုဘာလ ၂၁ ရက်ေ န့ မှ စတင်ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် အချိန်အတိုင်းအတာ ကာလတစ်ခုထိ မိတ်ဆက်ပေးချိန် Pre Order ကောက်ခံချိန်နဲ့ ရောင်းချပေးချိန်ကွာနေတာကိုကြည့်ရင် Xiaomi အနေနဲ့ တော်တော်လေး စွန့် စားခဲ့ရတယ်လို့ သတ်မှတ်ရမှာပါ။

Mi 1 နဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင်တော့ Basic Design လို့ ပြောလို့ ရတဲ့ Plastic Body ကိုပဲ အသုံးပြုခဲ့တာပါ။ ဒါကလည်း အတွေ့ အကြုံစရှာနေတဲ့ ဖုန်းကုမ္ပဏီတစ်ခုအတွက် အံအောစရာမဟုတ်ဘူးလို့ ပဲပြောရမှာဖြစ်သလို အဲ့အချိန်တုန်းကလည်း တော်ရုံဖုန်းတော်တော်များများမှာ Plastic Body ကိုပဲ အသုံးပြုထားကြတာပါ။အရှေ့ ဘက်မှာလည်း အဲ့အချိန်တုန်းက ဖုန်းတော်တော်များများ အသုံးပြုထားတဲ့ Design လို့ ပြောလို့ ရတဲ့ ထူထူထည်ထည် ဘောင်တွေ နဲ့ ထွက်ရှိပေးခဲ့တာဖြစ်ပြီး အနောက်ဘက်မှာတော့ Rectangular ပုံစံခွက်ထဲမှာ ကင်မရာ ကို တပ်ဆင်ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့အောက်မှာတော့ Mi Logo ကိုထည့်သွင်းပေးထားသလို ပါဝါ ခလုပ်ကိုတော့ ဖုန်းရဲ့ အပေါ်ဘက်မှာ တပ်ဆင်ပေးထားတာဖြစ်ပြီး 3.5 mm headphone jack ပေါက်ကိုတော့ ပါဝါခလုပ်နားမှာပဲ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Design ပိုင်းမှာ ထူးထူးခြားခြား ချမပြနိုင်ခဲ့ပေမဲ့ ဒီဖုန်းမှာ ဆွဲဆောင်မှုတစ်ခုတော့ ရှိခဲ့တာ အမှန်ပါပဲ။ အဲ့ဆွဲဆောင်ချက်က ဘာလဲဆိုရင် Processor လို့ ပြောရမှာပါ။ အဲ့ဒီ အချိန်တုန်းက တရုတ်ဖုန်းတစ်လုံးအနေနဲ့ ပထမဆုံး Powerful ဖြစ်တဲ့ Processor ကို ထည့်သွင်းပေးနိုင်ခဲ့တာဖြစ်ပြီး 1.5GHz ရှိတဲ့ Snapdragon S3 ကို ထည့်သွင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ Memory (RAM) အနေနဲ့ တော့ 1GB နဲ့ Storage အနေနဲ့ တော့ 4GB ကိုအသုံးပြုပေးခဲ့နိုင်သလို ဒီဖုန်းရဲ့  Display အရွယ်အစားကတော့ ၄လက်မ Display ကိုအသုံးပြုပေးထားတာပါ။ Battery အနေနဲ့ လည်း အဲ့ အချိန်တုန်းက တော်တော်လေးကို မဆိုးလှဖူးလို့ ပြောလို့ ရတဲ့ 1930 mAh Battery ကိုထည့်သွင်းအသုံးပြုပေးခဲ့သလို Android ကိုအခြေခံထားတဲ့ MIUI နဲ့ ပဲ ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဒီဖုန်းရဲ့ အဲ့အချိန်တုန်းကအဓိက ဆွဲဆောင်ချက်က Performance ပိုင်းဖြစ်မယ်ဆိုလို့ ရှိရင်နောက်တစ်ချက် ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုကတော့ MIUI ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် MIUI 1 ဟာ အသုံးပြုသူတွေအတွက် Customization တွေ ပြုလုပ်နိုင်အောင် အဓိကထား ဖန်တီးပေးခဲ့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။Feature တွေတော်တော်လေး စုံစုံလင်လင်ပါသလို အဲ့အချိန်တုန်းက လူကြိုက်တော်တော်လေးများခဲ့တဲ့ MIUI ဟာအခုဆိုရင် နိုင်ငံတကာမှာ သုံးစွဲသူ သန်း၃၀၀ အထိရှိနေပြီ ဖစ်သလို ဘာကြောင့်လူကြိုက်များလဲဆိုတာကိုတော့ ပြောနေတာထက်အောက်က ဗီဒီယိုလေးကို ကြည့်လိုက်ရင်ပိုပြီးရှင်းမယ်ထင်ပါတယ်။

Xiaomi Mi1 ဟာ စတင်ရောင်းချခဲ့စဉ်ကတည်းက အောင်မြင်မှု ရရှိခဲ့တယ်လို့ ပြောရမှာဖြစ်သလို အဲ့အချိန်ထဲက Price to Performance နဲ့ အစချီခဲ့တာလို့ လည်းပြောလို့ ရပါတယ်။ စတင်ရောင်းချခဲ့စဉ်မှာ ဈေးနှုန်းအနေနဲ့ 1999 ယွမ် ( မြန်မာငွေကျပ် လေးသိန်း သုံးသောင်း ) ကျပ်ဝန်းကျင်သာရှိခဲ့တာ ဖြစ်ပြီး Xiaomi အနေနဲ့ လည်း အားတစ်ခု ဖြစ်စေခဲ့တာကတော့ Pre Order စတင်ကောက်ခံတဲ့ ပထမ ၃၄ နာရီအတွင်း အလုံးရေ ၃သိန်းအထိ Pre Order ရရှိနိုင်ခဲ့တဲ့ အထိလည်းအောင်မြင်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။

Xiaomi အနေနဲ့  Mi 1 နဲ့ အစချီလာခဲ့တာဟာ အခုဆိုရင် Mi 9 Series ထိ မိတ်ဆက်ပေးနိုင်ခဲ့ပြီး ဖြစ်သလို တစ်ခြား တစ်ဖက်မှာလည်း redmi ကိုအောင်မြင်တဲ့ Sub Brand တစ်ခုအနေနဲ့ ပါမွေးထုတ်ပေးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အခြားသော Mi Mix Series တွေ Mi A Series တွေမှာလည်း အထိုက်အလျောက်အောင်မြင်မှု ရရှိနေပြီလို့ ပြောရတော့မှာ ပဲ ဖြစ်ပါတယ်။