Apple အနေနဲ့ သူတို့နှစ်စဉ်ကျင်းပလေ့ရှိတဲ့ iPhone အသစ်မိတ်ဆက်ပွဲကို စက်တင်ဘာလမှာ ကျင်းပပြုလုပ်ပေးသွားတော့မဲ့ ဖိတ်စာတွေကို စတင်ထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။ဒီမိတ်ဆက်ပွဲကိုတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Cupertino က Apple Park Headquaters မှာကျင်းပပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ ဖိတ်စာထဲမှာတော့ အသစ်မိတ်ဆက်ပေးသွားမဲ့ ဖုန်းတွေရဲ့အကြောင်းထူးထူးခြားခြားမပါခဲ့ပေမဲ့ “By Innovation Only” ဆိုတဲ့စာတန်းကတော့ စိတ်ဝင်စားဖို့ကောင်းနေပြီလို့ပြောရမှာပါ။ Apple အနေနဲ့ ဒီနှစ်မှာလည်း ပြီးခဲ့တဲ့နှစ်တုန်းကလိုမျိုး iPhone အသစ် သုံးမျိုးထိ မိတ်ဆက်ပေးသွားဖို့ရှိနေသလို ဒီဖုန်းအသစ် သုံးမျိုးထဲမှ နှစ်မျိုးမှာ Apple ရဲ့ပထမဆုံး Triple Camera အသုံးပြုထားတဲ့ဖုန်းတွေဖြစ်လာဖို့လည်းရှိနေပါတယ်။ဒီအထဲမှာမှ အကြီးဆုံးနဲ့ဈေးအများဆုံး ဖြစ်လာနိုင်တဲ့ ဖုန်းရဲ့Display အရွယ်အစားကတော့ ၆.၁ လက်မ ထိရှိလာမှာဖြစ်သလို ဒါဟာမနှစ်ကထွက်ခဲ့တဲ့ iPhone XS ရဲ့ ၅.၈လက်အရွယ် Display ထက် .၄ လက်မပိုမိုကြီးမားတဲ့အရွယ်အစားနဲ့ ထွက်ရှိလာဖို့ရှိနေတာပါ။

အခြားသော ကောလဟာလသတင်းတွေအနေနဲ့တော့ အသစ်ထွက်ရှိလာမည့် iPhone တွေမှာ Bidirectional Wireless Charging ကို Support ပြုလုပ်ပေးသွားမယ်လို့သိရှိရပြီး iPhone တွေကတစ်ဆင့် Wireless Charging Case ပါဝင်တဲ့ Air Pod ကိုအားပြန်သွင်းနိုင်မှာလည်းဖြစ်ပါတယ်။ဒါ့အပြင် အသစ်ထွက်ရှိလာမည့် iPhone တွေမှာ Battery Life နဲ့ Face ID Biometric Security ပိုင်းပိုမိုကောင်းမွန်လာမှာလည်းသေချာသလောက်ရှိနေတဲ့သတင်းတွေလို့ပြောလို့ရနေပါတယ်။Apple အနေနဲ့ သူတို့ရဲ့ Event တွေမှာ အဓိကအမျိုးအစားတစ်ခုထဲကိုသာအာရုံစိုက်လေ့ရှိတဲ့ ကုမ္ပဏီလို့ပြောလို့ရတယ်ဆိုပေမဲ့ မနှစ်တုန်းက Event မှာတော့ Apple Watch Series 4, Home Pod Software Update , iPhones အစရှိတဲ့ ၃မျိုးထိကိုအဓိကထားပြီး မိတ်ဆက်ပေးသွားခဲ့တဲ့အတိုင်း ဒီနှစ်မှာလည်း 16 လက်မ Macbook Pro , New iPad နဲ့ iPad Pro တို့ကိုလည်းထည့်သွင်းမိတ်ဆက်သွားနိုင်ဖွယ်ရှိနေတယ်လို့ မိတ်ဆက်ပွဲဖိတ်စာနဲ့အတူ သတင်းတွေတစ်ပြိုင်တည်းထွက်ပေါ်လာခဲ့ပြီးတစ်ကယ် Product ဘယ်နှစ်မျိုးမိတ်ဆက်သွားမလဲဆိုတာ မိတ်ဆက်ပွဲကျမှပဲသိရမှာပါ။ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေထွက်ပေါ်ထားတဲ့ Apple Watch အတွက် New Titanium နဲ့ Ceramic Case ကိုလည်း ဒီပွဲမှာ မိတ်ဆက်ပေးသွားနိုင်ချေတွေလည်း ရှိနေပါသေးတယ်။