ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက စတင်ပြီးသတင်းတွေထွက်ရှိလာခဲ့တဲ့ One Plus 7 T ဟာအခုဆိုရင် Render ပုံစံတောင်စတင်ထွက်ရှိလာပြီဖြစ်ပါတယ်။အခုထွက်ရှိလာတဲ့သတင်း Source ကတော့ OnLeaks ကဖြစ်တဲ့အတွက် ဒီပုံစံအတိုင်းထွက်ရှိလာဖို့သေချာသလောက်တောင်ရှိနေပြီလို့ပြောရတော့မှာပါ။

အရှေ့ဘက်ပုံစံမှာတော့ One Plus 7 တုန်းကလိုမျိုးပုံစံနဲ့ပဲထွက်ရှိလာတာဖြစ်ပြီး ဒီဇိုင်းပိုင်းအပြောင်းအလဲမရှိဘူးလို့ပြောရမှာဖြစ်ပေမဲ့နောက်ကျောဘက် ပုံစံကတော့ကင်မရာ Layout မှာသိသိသာသာပြောင်းလဲသွားတယ်လို့ပြောရမှာပါ။ One Plus 7 မှာတုန်းက Pro Version အတွက်သာ ကင်မရာ ၃လုံးသုံးထားပေမဲ့ One Plus 7 မှာတော့ ကင်မရာ ၂ လုံးသာပါ ၀င်လာခဲ့တာဖြစ်ပေမဲ့ အခုအသစ်ထွက်ရှိလာမဲ့ One Plus 7T မှာတော့ ကင်မရာ ၃လုံးအထိသုံးထားသလို ကင်မရာ Layout ကိုလည်း Circular Layout ပုံစံကိုပြောင်းထားတာတွေ့ရမှာပါ။

နောက်ထပ်ပြောင်းလဲမှုတစ်ခုအနေနဲ့တော့ One Plus 7မှာတုန်းက ဖုန်းရဲ့အောက်ခြေဘက်မှာ USB Type C ပေါက် ၊ Microphone ပေါက်နဲ့ Speaker ပေါက်တို့ပါ ဝင်လာခဲ့ပေမဲ့ One Plus 7T ရဲ့အောက်ဘက်မှာတော့ USB ပေါက်နဲ့အခြားအပေါက်တစ်ခုသာပါဝင်လာခဲ့ပြီး နောက်တစ်နေရာကိုတော့ SIM Slot ကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။

Specification တွေအနေနဲ့တော့ One Plus 7T မှာ Qualcomm ရဲ့Snapdragon 855+ SoC ကိုအသုံးပြုလာဖို့သေချာသလောက်ရှိနေပြီဖြစ်ပြီး RAM အနေနဲ့တော့အနည်းဆုံး 8GB ပါဝင်လာဖို့ရှိနေပါတယ်။ကင်မရာပိုင်းမှာတော့ One Plus 7 မှာ Main Camera နှင့် Depth Camera ကိုအသုံးပြုထားပြီး One Plus 7T မှာထပ်တိုးလာမဲ့ကင်မရာကတော့ Ultrawide Camera ဖြစ်လာဖို့သေချာသလောက်ရှိနေပြီလို့ပြောရမှာပါ။One Plus 7နဲ့One Plus 7T တို့ကိုတော့ နောက်လထဲမှာ One Plus TV နဲ့အတူမိတ်ဆက်ဖို့ရှိနေတယ်လို့သတင်းတွေထွက်နေပြီး One Plus အနေနဲ့ One Plus 7T McLaren “Senna” Edition ပါထုတ်သွားဖို့ရှိနေတယ်လို့သိရှိရပါတယ်။