One Plus ဆိုတာကတော့ သူတို့ရဲ့ Device တွေကို Android နဲ့ပတ်သတ်ပြီး အတတ်နိုင်ဆုံး မြန်မြန်ပေးလေ့ရှိသလို အခုတစ်ခါမှာလည်း ကုမ္ပဏီရဲ့အစဉ်အလာကို ဆက်ပြီးထိန်းတဲ့အနေနဲ့ Android 10 Stable Version ကို Google ကစတင်ထုတ်ပေးတဲ့နေမှာပဲ One Plus Device အချို့မှာ Update ပေးသွားဖို့ပြင်ဆင်နေတယ်လို့သိရှိရပါတယ်။

Google အနေနဲ့ Android 10 ကိုလာမဲ့ စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ထုတ်ပေးတော့မှာဖြစ်ပြီး သတင်းတွေအရတော့ One Plus User နဲ့ Customer Support Executive တို့ရဲ့ Android 10 ကို Google နဲ့အတူတစ်ပြိုင်တည်းထုတ်ပေးသွားမယ်ဆိုတဲ့ Screen Shoot တွေထွက်ရှိလာတာဖြစ်တဲ့အတွက် One Plus အနေနဲ့ Google နဲ့တစ်ရက်တည်း Android 10 ကို update ပေးနိုင်ဖို့ကြံစည်နေတယ်လို့ သိရှိရပါတယ်။ဒါပေမဲ့လည်း လတ်တလောမှာတော့အတည်မပြုနိုင်သေးဖူးလို့ ပြောရမှာ ဖြစ်သလို အရင်တုန်းကတော့ Essential ဖုန်းအနေနဲ့ Android Pie ကို Google ကစတင်ထုတ်ပေးတဲ့နေ့မှာပဲ Pixel Phone တွေနဲ့ တစ်ပြိုင်တည်းရရှိအောင် Update ပေးသွားခဲ့တဲ့သာဓကလည်း ရှိနေပါသေးတယ်။

Essential ဖုန်းကတော့ Stock Android ကိုပဲသုံးထားတာ ဖြစ်တဲ့အတွက် Google နဲ့ တစ်ပြိုင်တည်းပေးနိုင်တာဖြစ်ပေမဲ့ One Plus လို Customzed လုပ်ပြီးအခြားသော Feature တွေပေါင်းထည့်ထားတဲ့ ဖုန်းအတွက်ကတော့ တော်တော်လေးကိုမလွယ်ကူတဲ့ကိစ္စလို့ပြောရမှာပါ။ တစ်ခြားဘက်ကကြည့်ရင်လည်း One Plus Device တွေမှာ Android 10 Beta Update တွေဆက်တိုက်ပေးနေတဲ့အတွက် ဖြစ်လာနိုင်တဲ့အလားအလာတွေရှိနေသလို September ၃ ရက်နေ့ရောက်ဖို့ကလည်း မလိုတော့တဲ့အတွက်ကြောင့် One Plus သာ Google နဲ့တစ်ပြိုင်တည်း Android 10 Update ကိုပေးနိုင်ခဲ့ရင်တော့ တော်တော်လေးချီးကျူးဖို့ကောင်းတယ်လို့ပြောရမှာပဲ ဖြစ်ပါတယ်။