Realme အနေနဲ့ပြီးခဲ့တဲ့အပတ်တုန်းကမှ India နိုင်ငံမှာ Realme 5 series ကိုမိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ဒါကိုမှအားမရသေးပဲ Realme အနေနဲ့ သူတို့ရဲ့နောက်ထပ် midrange Sengment တန်းထဲကိုနောက်ထပ်ဖုန်းတစ်လုံးထပ်ထည့်ဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောရမှာပါ။ ဒီဖုန်းကိုတော့ Realme XT လို့နာမည်ပေးထားပြီး ဖြစ်နိုင်ချေရှိနေတာကတော့ သူတို့ရဲ့မေလတုန်းကထွက်ရှိထားခဲ့တဲ့ Realme X ရဲ့ Series ဝင်လာမဲ့ဖုန်းတစ်လုံးလို့ပြောလို့ရနေသလို Design ပိုင်းမှာတော့ ပြီးခဲ့တဲ့ အပတ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Realme 5 Series ဖုန်းတွေနဲ့ ခပ်ဆင်ဆင်အနေအထားလို့ပြောရမှာပါ။

ဒီဖုန်းကိုတော့ မနေ့ကတရုတ်နိုင်ငံအတွင်းမှာပဲ Special Event တစ်ခုအနေနဲ့ထုတ်ပြသွားခဲ့ပေမဲ့ တရားဝင်မိတ်ဆက်ပေးသွားမဲ့ရက်ကိုတော့ ကြေငြာသွားခဲ့ခြင်းမရှိခဲ့ပါဘူး။အဲ့အတွက် ဒီဖုန်းဟာ လာမဲ့ ၂၉ ရက်နေ့မှာမိတ်ဆက်ပေးတော့မဲ့ Redmi Note 8 Pro ထက်ဦးအောင် 64 megapixel Camera ပါဝင်တဲ့ဖုန်းကိုချပြလိုက်တဲ့သဘောလို့ပြောရမှာပဲ ဖြစ်ပါတယ်။

Realme XT ကိုတော့ Drewdrop Notch Display ပါဝင်တဲ့ဖုန်းအနေနဲ့ပဲ ထုတ်လုပ်ပေးလိုက်တာဖြစ်ပြီးကျောဘက်မှာတော့ ကင်မရာ လေးလုံးကို ဒေါင်လိုက်အနေအထားနဲ့ တပ်ဆင်ပေးထားတာပဲဖြစ်ပါတယ်။နောက်ကျောဘက်ကို 3D Curve Design နဲ့ တည်ဆောက်ပေးထားတာဖြစ်ပြီး Snow White နဲ့ Blue ဆိုပြီး အရောင် ၂ ရောင်အနေနဲ့ထွက်ရှိလာဖို့ရှိနေတာပါ။ Design ပိုင်းနဲ့ အချက်အလက်ပိုင်းမှာတော့ India နိုင်ငံမှာ မိတ်ဆက်ပေးခဲ့တဲ့ Realme နဲ့အတူတူနီးပါးလို့ပြောရမှာဖြစ်သလို တရုတ်နိုင်ငံအတွက် Realme 5 Pro ရဲ့ advance edition လို့လည်းပြောလို့ရနိုင်ပါတယ်။အဲ့အတွက်ကြောင့်လည်း realme XT ကို Lite Version အနေနဲ့ထွက်ရှိလာနိုင်ချေရှိနေတယ်လို့သုံးသပ်နေတဲ့သတင်းတွေလည်းတစ်ပြိုင်နက်ထဲထွက်ရှိလာတာပဲဖြစ်ပါတယ်။

Specification တွေအနေနဲ့တော့ Realme XT ကို ၆.၄လက်မအရွယ် AMOLED Display ကိုအသုံးပြုထားပြီး In Display Finger Print Scanner ကိုအသုံးပြုပေးထားတာပါ။resolution အနေနဲ့တော့ Full HD resolution ရှိမှာဖြစ်ပြီး Realme 5 Pro လိုပဲ Qualcommရဲ့ Snadragon 712 SoC ကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ RAM အနေနဲ့ တော့ LPDDR 4X 8GB RAM ကိုအသုံးပြုပေးထားပြီး Storage အနေနဲ့တော့ UFS 2.1 ကို 128GB အသုံးပြုပေးထားတာပဲ ဖြစ်ပါတယ်။

ဒီဖုန်းရဲ့အဓိကအားသာချက်လို့ပြောလို့ရနိုင်တာကတော့ 64 megapixel Samsung GW1 Primary Lens ကိုအသုံးပြုပေးထားပြီး နောက်ထပ် 8 megapixel Ultrawide lens နဲ့ 2 megapixel Lens တို့ကိုတွဲဖက်အသုံးပြုပေးထားတာပဲ ဖြစ်ပါတယ်။နောက်ထပ် Lens တစ်ခုကိုတော့ 2 megapixel depth sensor ကိုအသုံးပြုပေးထားတာပါ။ Realme X နဲ့ကွာခြားသွားစေတဲ့အဓိကအချက်ဖြစ်တဲ့ Front Camera ကို Pop up Selfie Camera အနေနဲ့သုံးပေးထားတာမဟုတ်ဘဲ 16 megapixel Camera ကို Drewdrop Notch ထဲမှာ ထည့်သွင်းပေထားတဲ့အချက်ကိုအဓိကထောက်ပြရမှာပါ။ Battery အနေနဲ့တော့ 4000 mAh ပါဝင်လာမှာဖြစ်ပြီး VOVV 3.0 repid Charging ကို Support ပြုလုပ်ပေးထားပါသေးတယ်။ OS အနေနဲ့တော့ Android 9 Pie ကိုအခြေခံထားတဲ့ Color OS 6.0 ကိုအသုံးပြုပေးထားပြီး Performance ပိုင်းပိုမိုကောင်းမွန်စေရန်အတွက် Hyper Boost 2.0 ကို Support ပြုလုပ်ပေးထားပါသေးတယ်။

Realme XT ကိုတော့ တရုတ်နိုင်ငံပြင်ပကနိုင်ငံတွေအတွက် Septemberလလောက်မှ စတင်ပြီးရောင်းချပေးသွားဖို့ရှိနေတာဖြစ်သလို တရုတ်နိုင်ငံအတွင်းမှာလည်း September ၄ ရက်နေ့လောက်စတင်ပြီးရောင်းချပေးသွားဖို့ရှိနေတာပါ။ဒီဖုန်းနဲ့ပတ်သတ်ပြီးဈေးနှုန်းတွေကိုတော့ ထည့်သွင်းပြောကြားသွားချင်းမရှိသေးပါဘူး။