Realme ကတော့ သူတို့ ရဲ့ နောက်ဆုံးထွက် Model တွေ ဖြစ်တဲ့ Realme 5 နဲ့ Realme 5 Pro တို့ ကို India နိုင်ငံမှာ တရားဝင်မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ Realme ကတော့ ၄ ဂဏန်းကိုကျော်ပြီး ၅ ဂဏန်းကို တန်းယူခဲ့တဲ့အနေနဲ့  Realme 3 နောက်ပိုင်းမှာ Realme 5 Series ကို မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Realme 5 Pro

Realme 5 Pro ကိုတော့ ၆.၅ လက်မ Display ကိုအသုံးပြုပေးထားပြီး LCD Display Panel နဲ့ ထွက်ရှလာတာပါ။ resolution အနေနဲ့ တော့ 1080×2340 FulHD+ resolution ကို သုံးပေးထားသလို Aspect Ratio အနေနဲ့ တော့ 19.5:9 ထိ ပါဝင်လာမှာ ဖြစ်ပါတယ်။ Waterdrop Notch ကိုအသုံးပြုပေးထားသလို Screen to Body ratio အနေနဲ့ 90.6 Percent အထိရှိမှာ ဖြစ်ပြီး ကျောဘက် Design ကိုတော့ Holographic Color Effect ပါဝင်တဲ့ Crystal Design အနေနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဖုန်းကို ရေစင်ခံနိုင်တဲ့ Splash Resistant Coating ဖုန်းအုပ်ပေးထားပါသေးတယ်။

Processor ကိုတော့ Qualcomm ရဲ့  Snapdragon 712 SoC ကိုအသုံးပြုပေးထားပြီး RAM အနေနဲ့ တော့ 8 GB ထိပါဝင်လာမှာပါ။ Storage အမြင့်ဆုံးအနေနဲ့ တော့ 128GB ထိပါဝင်လာမှာ ဖြစ်ပြီး UFS 2.1 Storage ကိုပဲ အသုံးပြုပေးထားတာ ဖြစ်သလို microSD Card စိုက်ဖို့ အတွက် Slot တစ်ခု သပ်သပ်ထည့်သွင်းပေးထားပါသေးတယ်။Battery အနေနဲ့ တော့ 4035 mAh ထိပါဝင်လာမှာ ဖြစ်ပြီး VOCC Charge 3.0 ကို Support လုပ်ပေးထားသလို 20W နဲ့ အားသွင်းနိုင်မှာပါ။ USB Type C အမျိုးအစား ကိုအသုံးပြုထားသလို အားသွင်းချိန်အနေနဲ့  80 မိနစ်နဲ့ အားအပြည့်သွင်းနိုင်မှာ ပဲ ဖြစ်ပါတယ်။ အရင်က Realme ဖုန်းတွေဟာ Audio ပိုင်းအားနည်းတဲ့ အချက်ကို ပြင်ဆင်လာတဲ့အနေနဲ့ Dirac HD နဲ့  Smart PA Speaker တွေထည့်သွင်းပေးထားတယ်လို့ သိရှိရပါတယ်။

အဓိကပြောစရာရှိတဲ့ အပိုင်းဖြစ်တဲ့ ကင်မရာပိုင်းမှာတော့ အရှေ့ ဘက်ကင်မရာကို 15 megapixel aperture f/2.0 Sony IMX 471 ကင်မရာကိုအသုံးပြုပေးထားသလို အနောက်ဘက်ကင်မရာကိုတော့ Sony IMX 586 48 megapixel Camera Aperture f/1.79 နဲ့ ထွက်ရှိလာတာဖြစ်ပြီးနောက်ထက် ကင်မရာတစ်လုံးကိုတော့ 8 megapixel Ultrawide Lens ကိုအသုံးပြုပေးထားပြီး ၁၁၉ ဒီဂရီ Wide ရိုက်ကူးနိုင်မှာ ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကင်မရာ ၂ လုံးကိုတော့ 2 megapixel ကင်မရာတွေကိုပဲ အသုံးပြုပေးထားတာ ဖြစ်ပြီး Portrait အတွက်နဲ့ Ultra micro ရိုက်ကူးဖို့ အတွက် ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ Camera Feature တွေအနေနဲ့ တော့ Chroma Boost , Night Scape Mode ,PDAF , EIS , 960 fps slow motion Video , 4K Video Recording ( 30fps ) နဲ့ ရိုက်ကူးနိုင်တဲ့ Feature တွေပါဝင်လာမှာ ပဲ ဖြစ်ပါတယ်။

Realme 5

Realme 5 ကိုတော့ Realme 5 Pro နဲ့  Display အရွယ်အစားအတူတူပဲ မိတ်ဆက်ပေးလိုက်တာပါ။ဒါပေမဲ့ သိသိသာသာ ကွာခြားသွားမှာကတော့ Resolution ပိုင်း ဖြစ်ပြီး 720×1600 HD+ resolution ကိုပဲ အသုံးပြုပေးလိုက်တာ ဖြစ်ပါတယ်။ဒီဖုန်းနှစ်လုံးစလုံးမှာ Waterdrop Notch အရွယ်အစားကို ၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးထားတဲ့အတွက် Realme 5 မှာတော့ Screen to body ratio အနေနဲ့ 89 % ထိရှိမှာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ Design ပိုင်းနဲ့ Splash Resistant ပါဝင်တဲ့ အပိုင်းမှာတော့ Realme 5 Pro အတိုင်းပါဝင်လာမှာပါ။

Performance ပိုင်းအတွက် Qualcomm ရဲ့ Snapdragon 665 11nm SoC ကိုအသုံးပြုပေးလိုက်ပြီးဒါဟာ ဒုတိယမြောက် Snapdragon 665 SoC ကိုအသုံးပြုပေးလိုက်တဲ့ ဖုန်းဖြစ်သလို India နိုင်ငံမှာတော့ Snapdragon 665 SoC ကိုအသုံးပြုပေးထားတဲ့ ပထမဆုံး ဖုန်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ RAM အနေနဲ့ တော့ 4GB ပါဝင်လာမှာ ဖြစ်ပြီး Sotragoe အမြင့်ဆုံးအနေနဲ့  128GB ထိပါဝင်လာမှာ ပဲ ဖြစ်ပါတယ်။ Realme 5 မှာလည်း microSD Card စိုက်ဖို့ အတွက် Slot သီးသန့် အပို ပါဝင်လာပါသေးတယ်။ Battery အနေနဲ့ 5000 mAh ပါဝင်လာပြီးတော့ Fast Charging ကို Support ပြုလုပ်ပေးထားသလို Standby Time အနေနဲ့ 718 နာရီထိအသုံုးပြုနိုင်မှာပါ။ ဖုန်းခေါ်ဆိုမှု အတွက် ၄၉ နာရီ၊ သီချင်းနားထောင်မယ်ဆိုရင်တော့ နာရီ ၃၀ နဲ့  Full HD Video ကြည့်မယ်ဆိုရင် ၂၁ နာရီထိအသုံးပြုနိုင်မယ်လို့ သိရှိရပါတယ်။

Camera ပိုင်းမှာတော့ Realme 5 Pro လိုပဲ ကင်မရာ ၄ လုံးထိ ပါဝင်လာတယ်ဆိုပေမဲ့ အသုံးပြုထားတဲ့ ကင်မရာတော့ တူညီခြင်းမရှိပါဘူး။ Main Camera ကိုတော့ 12 megapixel camera , 8 megapixel ultrawide camera နဲ့  2 megapixel Portrait Camera ရယ် 2 megapixel ultra micro Camera ဆိုပြီး Main Camera ပိုင်းမှာ ကွာခြားသွားမှာ ဖြစ်ပါတယ်။ ကင်မရာ Feature တွေအနေနဲ့ တော့ ghtscape mode, Chroma Boost, PDAF, 240fps slow-motion video shooting and 4K video shooting at 30fps စတဲ့ Feature တွေပါဝင်လာမှာပဲ ဖြစ်ပါတယ်။

Realme 5 နဲ့  Realme 5 Pro တို့ မှာတော့ Android Pie ကိုအခြေခံထားတဲ့ ColorOS 6.0 UI နဲံ ပဲ ထွက်ရှိလာတာ ဖြစ်ပြီး Realme 5 Pro မှာတော့ Hyperboost 2.0 ပါဝင်လာမှာပါ။ ဈေးနှုန်းတွေအနေနဲ့ 

Realme 5 Pro အတွက်ကိုတော့

4 GB RAM + 64 GB storage – Rs. 13,999 ( မြန်မာငွေကျပ် ၃ သိန်းဝန်းကျင် )
6 GB RAM + 64 GB storage – Rs. 14,999 ( မြန်မာငွေကျပ် ၃သိန်း ၂သောင်းဝန်းကျင် ) နှင့်
8 GB RAM + 128 GB storage – Rs. 16,999 ( မြန်မာငွေကျပ် ၃သိန်း၇သောင်း ၀န်းကျင် ) ခန့် 

ကျသင့်မှာ ဖြစ်ပြီး စက်တင်ဘာ ၄ ရက်နေ့ မှစတင်ကာ India နိုင်ငံမှာ ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။

Realme 5 အတွက်ကိုတော့

3 GB RAM + 32 GB storage – Rs. 9,999 ( မြန်မာငွေကျပ် ၂ သိန်း ၂ သောင်း ၀န်းကျင်)
4 GB RAM + 64 GB storage – Rs. 10,999 (မြန်မာငွေကျပ် ၂သိန်း၎သောင်း ၀န်းကျင် )
4 GB RAM + 128 GB storage – Rs. 11,999 (မြန်မာငွေကျပ် ၂သိန်း၅သောင်းခွဲ ၀န်းကျင် ) ခန့် 

ရှိနိုင်မယ်လို့ သိရှိရပြီး August လ ၂၇ ရက်နေ့ မှ စတင်ကာ India နိုင်ငံအတွင်း ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။