Samsung မှ Galaxy A Series တွေ အောင်မြင်မှုနှင့်အတူ နောက်ထပ် A Series တွေရဲ့  Second Generation ကို စတင်မိတ်ဆက်ပေးနေပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Galaxy A10s ကို မိတ်ဆက်ပေးခဲ့သလို အခုတစ်ခါမှာတော့ Galaxy A50s နှင့် Galaxy A30s တို့ ကို မိတ်ဆက်ပေးလိုက်တာပါ။

Galaxy A50s
နောက်ကျောဘက် Design ပိုင်း အပြောင်းအလဲနဲ့ အတူ ထွက်ရှိလာတဲ့ Galaxy A50s မှာတော့ ကျောဘက်ကို Geometric Pattern နှင့် Holographic Design အသုံးပြုပြီးထွက်ရှိလာတာ ဖြစ်ပြီး အရောင်တွေအနေနဲ့ တော့ Prism Crush Black ,Prism Crush White / Prism Crush Green နှင့် Prism Crush Violet2 ဆိုပြီး မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ဒါ့အပြင် Camera ပိုင်းမှာ 48 Megapixel Main Camera Aperture f/2.0 ကို 5 megapixel depth Sensor ရယ် 8 megapixel ultrawide Camera ၃ မျိုးတွဲစပ်ကာ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ Selfie Camera ကိုတော့ 32 megapixel f/2.0 ကို အသုံးပြုပေးထားတာပါ။


Display ကိုတော့ ၆.၄ လက်မ Full HD+ resolution ရှိတဲ့ Super AMOLED Display ကိုအသုံးပြုပေးထားသလို Infinity U ကိုပဲ အသုံးပြုပေးထားတာပါ။ Processor ပိုင်းမှာတော့ Exynos 9610 SoC ကို RAM 4GB ဒါမှမဟုတ် RAM 6GB ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပြီး Battery အနေနဲ့ တော့ 4000 mAh ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ ဒီ 4000 mAh ရှိတဲ့ Battery ကိုအားသွင်းဖို့ အတွက်ကိုတော့ 15W Fast Charging ထိ Support ပြုလုပ်ပေးထားသလို In Display Finger Print Scanner လဲပါဝင်လာမှာပါ။

Galaxy A30s
Galaxy A30s ကိုလည်း Galaxy A50s ကဲ့သို့ ပဲ ဒီဇိုင်းပိုင်းပြောင်းလဲပေးခဲ့ပြီး အရောင်တွေအနေနဲ့ လည်း Galaxy A50s လို အရောင် ၄ ရောင်ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။ Galaxy A30s မှာလည်း ကင်မရာပိုင်းပြောင်းလဲပေးခဲ့ပြီး အရင် Galaxy A30 တုန်းက Main Camera ကို 16 megapixel အသုံးပြုပေးခဲ့ပေမဲ့ အခု Galaxy A30s မှာတော့ 25 megapixel Camera နဲ့ ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။ နောက်ထပ်ကင်မရာ တွေအနေနဲ့ တော့ 8 megapixel ultrawide camera နှင့် 5 megapixel depth sensor ကိုပဲတပ်ဆင်ပေးထားတာပါ။ အရှေ့ ဘက် ကင်မရာကိုတော့ Galaxy A30 ကဲ့သို့ ပဲ 16 megapixel f/2.0 ကို တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။


နောက်ထပ်ပြောင်းလဲသွားတာ တစ်ခုကတော့ In Display Finger Print Scanner ထည့်သွင်းပေးခဲ့တဲ့ အချက်ဖြစ်ပြီး Display ကိုတော့ ၆.၄ လက်မ Super AMOLED Display ကိုအသုံးပြုပေးထားပြီး Infinity V Notch ကိုအသုံးပြုထားပါတယ်။ ဒါပေမဲ့ resolution ပိုင်းမှာတော့ A30 ထက်ပိုအားနည်းသွားတယ်လို့ ပြောရမှာ ဖြစ်ပြီး HD+ resolution ပဲ ပါဝင်လာမှာပါ။ Processor ကိုတော့ 14nm 7904 octa core Processor ကို RAM 3GB ဒါမှမဟုတ် RAM 4GB နဲ့ ၂ မျိုးရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ 4000 mAh ကိုအသုံးပြုပေးထားပြီး Galaxy A30 s မှာလည်း 15W Fast Charge ကို Support ပြုလုပ်ပေးထားပါတယ်။

ဒီဖုန်းနစ်မျိုးလုံးကိုတော့ Samsung အနေနဲ့ စတင်ရောင်းချပေးသွားမဲ့ အချိန်ကိုကြေငြာသွားခဲ့ခြင်းမရှိသေးသလို ဈေးနှုန်းကိုလည်း ကြေငြာသွားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။