ဒီလအစောပိုင်းလေယက်ထဲက Redmi Note 8 နဲ့ပတ်သတ်တဲ့ သတင်းတွေ ထွက်ရှိလာတာ ဖြစ်ပြီး အခုတစ်ခါမှာတော့ Redmi Note 8 Pro ဆိုပြီး August လ ၂၉ ရက်နေ့မှာ မိတ်ဆက်တော့မဲ့ Poster ပါ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီပိုစတာကိုတော့ Redmi ရဲ့ weibo account မှာတရားဝင်တင်ထားခဲ့တာဖြစ်ပြီး ကျောဘက်မှာ ကင်မရာ ၄လုံးတပ်ဆင်ထားတဲ့ ဖုန်းပုံစံကိုပါ တစ်ပါတည်း တင်ထားခဲ့တာ ဖြစ်ပါတယ်။

ပိုစတာထဲကပုံစံအရ Redmi အနေနဲ့ Finger Print scanner ကိုကျောဘက်မှာပဲ တပ်ဆင်ထားတဲ့ ပုံအရ In display finger print scanner ပါဝင်လာမှာမဟုတ်တာ လည်းသေချာသလောက်ရှိသွားပြီလို့ပြောရမှာပါ။ Redmi အနေနဲ့အဆိုပါ August လ ၂၉ ရက်နေ့မှာပဲ Redmi Note 8 ကိုတစ်ပါတည်း မိတ်ဆက်သွားနိုင်ဖို့ရှိပေမဲ့ ဒီဖုန်း ၂ လုံးရဲ့ အဓိကကွာခြားချက်ကတော့ ကင်မရာပိုင်းမှာ ဖြစ်လာဖို့ ရှိနေပါတယ်။ ပိုစတာထဲကအရဆိုရင် Redmi Note 8 pro မှာ 64MP ပါဝင်လာဖို့သေချာသလောက်ရှိနေပေမဲ့ Redmi Note 8 မှာတော့ ပါဝင်လာဖို့မရှိနိုင်ဖူးလို့ သိရှိရပါတယ်။အဆိုပါ မိတိဆက်ပေးပွဲရက်ကလည်း နီးနေပြီ ဖြစ်တဲ့ အတွက် Redmi အနေနဲ့ Redmi Note 8 Series မှာ ဘယ်လို Specifications တွေပါလာမလည်း ဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။မ